
ရခိုင်တွင် စစ်ပွဲပြန်ဖြစ်နိုင်၍ ကျောင်းများဆက်လက်ပိတ်ထားနိုင်ဖွယ်ရှိ
- Arakha Chit Thuta
- Aug 17, 2021
- 1 min read
ရခိုင်ပြည်မှာ...
၉ လကျော် စစ်ပွဲရပ်နားခဲ့ရာ
ယခုတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်ဖွယ်ရှိသဖြင့်
ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပိုမိုခက်ခဲလာ
...........................................................................
ရခိုင့်တော်လှန်ရေးကာလကို အဆင့် (၄)ဆင့် သတ်မှတ်ထားကြောင်း
ULA/AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခမီဒီယာမှာ
ပြောကြားထားပါတယ်။
၁။ တော်လှန်ရေးအစပျိုးကာလ
၂။ တော်လှန်ရေး ဆင်နွဲကာလ
၃။ နှစ်ဖက်အားပြိုင်တိုက်ခိုက်ကာလ(စစ်အေး)
၄။ တစ်ပြည်လုံးသိမ်းပိုက်ကာလ
အခုဟာ အဆင့် (၃)ကို ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။
စစ်အေးကာလကို ဖြတ်ကျော်ပြီးချိန်တွင် ပြည်သိမ်းစစ်ပွဲဆင်နွဲမည်မှာ မလွဲပေ။
ထိုအချိန်တွင်နှင့် တိုက်ဆိုင်စွာ အခြေခံပညာကျောင်းများ၊တက္ကသိုလ်များ၊ဒီဂရီကောလိပ်များ၊ကောလိပ်များပိတ်ထားလျှက်ရှိသည်။
Covid - 19 ကူးစက်ပြန့်ပွားမှုကျဆင်းလာလျှင်ပင်
ကျောင်းများဆက်လက်ပိတ်ထားရနိုင်ဖွယ်ရှိကြောင်းနှင့် ဆရာ၊ဆရာမများအနေဖြင့်
သတိရှိစွာကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ပါသည်။
Edit-
စကစမှ ဖွင့်ခိုင်းပါက ဉာဏ်နှင့်ယှဉ်၍ ဆုံးဖြတ်စေလိုကြောင်း ထပ်ဆင့်အကြံပေးလိုပါသည်။
အလက၊သလူမော်
Comentarios