
အိုင်းစတိုင်းပြောတဲ့ ဗုဒ္ဓဘာသာ
- Arakha Chit Thuta
- Aug 14, 2021
- 1 min read
ဆိုဗီယက်ခေါင်းဆောင်ကြီး ကရူးယှက် မြန်မာပြည်ကိုရောက်တဲ့အခါ ဦးနုနဲ့ရွှေတိဂုံဘုရားပေါ်တက်ရောက်ခဲ့တယ်။
ကရူးယှက်က ရွှေတိဂုံဘုရားကို လက်အုပ်ချီပြီး အရိုအသေပေးတဲ့ အခါ ဦးနုက
ဘာ့ကြောင့် လက်အုပ်ချီတာလဲ မေးတယ်။
ဒါနဲ့ ကရူးယှက်က ဗုဒ္ဓဟာလေးစားဖို့ကောင်းတယ်။
သူဟာနှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်လာခဲ့တာတောင် သူ့ရဲ့တပည့်သားတွေ စည်းစည်းလုံးလုံး နဲ့မပြိုမကွဲအောင် အုပ်ချုပ်နိုင်ခဲ့တယ် ။
ဒါ့ကြောင့် လေးစားလို့ အရိုအသေပေး တာ။
သူမရှိတော့တာတောင် သူ့ရဲ့နည်းစနစ်တွေနဲ့ အခုထိတိုင်
စည်းစည်းလုံးလုံးနေနိင်ကြတာဟာ နည်းစနစ်ကောင်းလို့ပဲ တဲ့။
အိန္ဒိယနိုင်ငံရဲ့ အခြေခံဥပဒေရေးဆွဲတဲ့ ဒေါက်တာ အမ်ဘေကာ ဟာ အိန္ဒိယ နိုင်ငံရဲ့ ဥပဒေကို ဗုဒ္ဓတရားတော်တွေနဲ့အခြေခံပြီး ရေးဆွဲတာပါ လို့ ပြောခဲ့ဘူးတယ်။
ဂန္ဒီကလည် ပါလီမန်စနစ်ဆိုတာ ဗုဒ္ဓတရားတော်တွေထဲကနေ
စီးမျောလာတဲ့ စနစ်ပါ တဲ့။
သြော် .....ဖြစ်ချင်တိုင်းဖြစ်နေတဲ့မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကိုလည်း
ဗုဒ္ဓတရားတော်ကိုသာ အခြေပြုပြီး ရေးဆွဲနိုင်ခဲ့မယ်ဆိုရင် ခုလို အစိတ်စိတ်အမွှာမွှာ ကွဲမှာမဟုတ်ပါဘူး။
ခုတော့ ရဟန်းပညာရှိ လူပညာရှိတွေ ရှိနေပါလျှက်နဲ့ ကိုဆိုဗိုက အဖေခေါ်ရလောက် အောင်ကွဲပြဲနေကြတာဟာ တော်တော်လေးကို ဝမ်းနည်းစရာကောင်းလှပါတယ်။
အိုင်းစတိုင်းက တပည့်တဦးကို ပြောဘူးပါတယ်။
မင်းကသာ ဗုဒ္ဓဘာသာကို ရှေးဟောင်းဘာသာလို့ပြောနေတာ တကယ်တော့ ဗုဒ္ဓဘာသာဟာအမြဲတမ်း အထက်တန်းကျပြီး ခေတ်ရှေ့ပြေးနေတဲ့ ဘာသာဆိုပီးပြောခဲ့ဘူးပါတယ်။
ဒီမိုကရေစီ စစ်စစ် လိုချင်ရင် ဗုဒ္ဓတရားတော်တွေကို အခြေခံပြီး ရေးဆွဲ ပါ။
သဗ္ဗေညုတ ဉာဏ်တော်ကြီးနဲ့ဟောကြားထားတာ အတိတ် ပစ္စုပ္ပန် အနာဂါတ် ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်း မှန်ကန်ပြီး အပိုအလိုမရှိတဲ့ဘာသာ ဆိုတာဗုဒ္ဓဘာသာဝင်ခေါ င်းဆောင်တွေအချိန်မိသိနိုင်ပါစေလို့
ဆုတောင်းနေယုံကလွဲ၍🙏🙏🙏
Credit:ဦးမြင့်ခိုင်
Comments