top of page
Search

သာကီမျိုး အကြောင်း သိကောင်းစရာ

  • Writer: Arakha Chit Thuta
    Arakha Chit Thuta
  • Sep 15, 2021
  • 5 min read


- မနုမင်း (မဟာသမ္မတမင်းတို့၏အစ)

- ဩက္ကာကမင်း (၂၅၂၅၅၆ ယောက်မြောက်သောမင်း)

- ဥက္ကာမုခမင်း (ကပိလဝတ်ပြည် တည်ထောင်ကြခြင်း)

- သကျသာကီဝင် ဟု ဖြစ်ပွားလာခြင်း

- ကောလိယပြည် တည်ထောင်ခြင်း

- ဒေဝဒဟပြည် ဖြစ်ပေါ်လာပုံ

- သာကီဝင်မင်းစဉ်ဆက် ၈၂၀၁၃ ယောက်

(ဥက္ကာမုခမင်း မွစ၍ အလောင်းတော် သိဒ္ဓတ္ထမင်း တိုင်အောင် သာကီဝင်မင်းပေါင်း ၈၂၀၁၃ ယောက်။)

ကမ္ဘာနှင့်စပ်သိမှတ်ဖွယ်

မနုမင်း (မဟာသမ္မတမင်းတို့၏အစ)

မနုမင်း - ဤဘဒ္ဒကမ္ဘာ၊ ဝိဝဋ္ဋ ဋ္ဌာယီကပ်၏ ရှေူးဦးစွာသောအန္တရကပ်၌၊ ဂေါတမမြတ်စွာ ဘုရားလောင်းလျာဖြစ်သည့် မနုအမည်ရသောပုဂ္ဂိုလ်ကို၊ လူအပေါင်းတို့က ကိုယ်ကျင့်တရား ကောင်းမွန်သည့်အရာတွင် စံထားလောက်သည့် အရည်အချင်းပြည့်ဝသူဟု တညီတညွတ်တည်းခံယူကာ အများ၏သဘောတူညီချက်ဖြင့်၊ မိမိတို့အား ကောင်းမွန်သင့်လျော်ရာ အစီအစဉ်ဖြင့် အုပ်ချုပ်မင်းလုပ်ပါရန် တောင်းပန်ကြကုန်၏။

ဤသို့ဖြင့် ဤဘဒ္ဒကမ္ဘာဦးအစမှ လူတို့သည် ပေါ်ပေါက်လာသောကိစ္စအရပ်ရပ်တို့၌၊ မိမိတို့ကို စီမံအုပ်ချုပ်ပေးမည့်သူအား၊ အညီအညွတ်တိုင်ပင်ကာ စီစစ်တင်မြောက်ခဲ့ကြ၏။ ထိုသို့ လူအပေါင်းတို့အား စီမံအုပ်ချုပ်ပေးသည့်အတွက်ကြောင့်၊ လူအပေါင်းတို့က မိမိတို့ လုပ်ဆောင်ရရှိသော စားရေရိက္ခာအစုတို့မှ ဆယ်ပုံတစ်ပုံကို စီရင်အုပ်ချုပ်ခ အနေအားဖြင့် အုပ်ချုပ်မင်းလုပ်သူအား အခွန်အတုတ်ကို ပေးဆောင်ကြကုန်၏။

အလောင်းတော် မနုမင်း၏ အမည် ၃-မျိုး။ ။

(၁) မဟာသမ္မတ အခွန်အတုတ် ပေးဆက်ပူဇော်ရာ၊ တရားသဖြင့် စီရင်စိုးမိုးအုပ်ချုပ်သူအဖြစ် လူအပေါင်းတို့က အကန့်အကွက်မရှိ တညီတညွတ်တည်း သေဘာတူ ကောင်းစွာ သမုတ်ကြသောကြောင့် မဟာသမ္မတ ဟူသော အမည်ကိုရ၏။

(၂) ခတ္တိယ - လယ်မြေယာမြေ၊ ပိုင်ဆိုင်မှု စသည်တို့နှင့်ပတ်သတ်စပ်လျဉ်း၍ သူပိုင် ငါပိုင် အငြင်းပွားခြင်း၊ ခိုက်ရန်ဖြစ်ခြင်း စသောအမှုများမရှိရအောင် ဆုံးဖြတ် စီမံ အုပ်စိုးခွင့် အာဏာရှိသောကြောင့် ခတ္တိယ ဟူသော အမည်ကိုရ၏။

(၃) ရာဇ လူအပေါင်းတို့ကို ကောင်းမွန် ဖြောင့်မတ်သော မင်းကျင့်တရားတို့ဖြင့် စီရင် ထိန်းစောင့်လျက် နှစ်သက် ချစ်ကြည်စေတတ်သောကြောင့် ရာဇ ဟူသော အမည်ကိုရ၏။

ဤဘဒ္ဒကမ္ဘာ၌ မင်းလူတကာတို့တွင် မဟာသမ္မတ၊ ခတ္တိယ၊ ရာဇ ဟူသောအမည်သုံးပါးတို့ကို ဘုရားအလောင်းတော် မနုပုဂ္ဂိုလ်သူမြတ်သည်သာ ရှေးဦးစွာ ရရှိခဲ့လေသည်။

င်္ိ ဤဘဒ္ဒကမ္ဘာဦးအစ ဂေါတမဘုရားအလောင်းတော် မနုမင်း မွစ၍ ဩက္ကာကမင်းသို့တိုင်အောင် မင်းဆက်ပေါင်း သားမြေးအစဉ်အဆက်အားဖြင့် နှစ်သိန်းငါးသောင်းနှစ်ထောင့်ငါးရာငါးဆယ်ခြောက်(၂၅၂၅၅၆) ယောက်ရှိကုန်၏။

ထိုအကြောင်းကို မဃဒေဝလင်္ကာ ဒုတိယပိုင်း ရာဇဝင်ခန်း၌

သာဂရေဒဝ၊ တေဇနေစက်၊ မင်းမှဆက်သား၊ ဘုန်းတက်ကြွကြွ၊ မဃေဒဝ၊ စောလောင်းကတိ၊ အစပြဌာန်း-ပ-ဩက္ကာကတိုင်း၊ သောဠသမင်း၊ လူ့မှန်ကင်းတို့၊ ယင်းဗာရာပြည်၊ ထီးရွှေစည်နှင့်၊ ကျူးမည်သာယာ၊ စံချမ်းသာရှင့်။ဟူ၍ လည်းကောင်း။

မဟာသမ္မတ၊ မင်းကစ၍၊ ဩက္ကာကထိ၊ အရှိတွက်ကိန်း၊ ဂဏန်းချိန်းသော်၊ နှစ်သိန်းငါးသောင်း၊ နှစ်ထောင့်ငါးရာ၊ ငါးကျိပ်သာ၍၊ သင်္ချာနောက်ပွား၊ မင်းခြောက်ပါးတည့်၊ ပိုင်းခြားရွှေမင်၊ ရှေးဦးတင်သည်၊ ရာဝင်ပထမ၊ ဝေခြမ်းတည်း ဟူ၍ လည်းကောင်း စပ်ဆိုတော်မူထား၏။

ဩက္ကာကမင်း (၂၅၂၅၅၆ ယောက်မြောက်သော မဟာသမ္မတမင်း)

ထို ၂၅၂၅၅၆ ယောက်သောမင်းတို့တွင် နောက်ဆုံးဖြစ်သော ဩက္ကာကမင်း ၌ မိဖုရား ၅-ယောက်ရှိ၏။

(၁) ဟတ္ထာ၊

(၂) စိတ္တာ၊

(၃) ဇႏဳၲ၊

(၄) ဇာလိနီ၊

(၅) ဝိသာခါ။

ထိုမိဖုရား ၅-ယောက်တို့တွင်၊ အကြီးဆုံးဖြစ်သော ဟတ္ထာမိဖုရားမှ

(၁) ဥက္ကာမုခ၊

(၂) ကရကဏ္ဍု၊

(၃) ဟတ္ထိနိက၊

(၄) သိနိသူရ ဟူသော သားတော် ၄-ပါး။

(၅) ပိယာ၊

(၆) သုပ္ပိယာ၊

(၇) အာနန္ဒာ၊

(၈) ဝိဇိတာ၊

(၉) ဝိဇိတေသနာ ဟူသော သမီးတော် ၅-ပါး၊ ပေါင်း ၉-ပါး ဖွားမြင်၏။

သားတော် ၄-ပါး၊ သမီးတော် ၅-ပါး မွေးဖွားပြီးနောက် မိဖုရားကြီး နတ်ရွာစံ၏။

ထို့နောက် ဩက္ကာကမင်းကြီးသည် အသက်အရွယ်နုနယ်ပျိုမျစ်၍ နှစ်သက်ဖွယ်ရာလွန်စွာအဆင်းလှပသော မင်းသမီးငယ်တစ်ယောက်ကို မိဖုရားကြီးအရာ၌ တင်မြှောက်၏။ ထိုမိဖုရားမွ ဇန္တု မည်သော သားငယ္ကို ဖွားမြင်၏။ ဖွားမြင်ပြီး ငါးရက်မြောက်၌ သားငယ္ကို ရှုချင်ဖွယ်ရာ တန်ဆာဆင်ယင်ပြီး မင်းကြီးအားပြသရာတွင်၊ အလွန်နှစ်သက်တော်မူသဖြင့် ထိုမိဖုရားအား အလိုရွိရာ ဆုတစ်ဆုကို ယူလော့ ဟု ပြောဆိုကာ ဆုကိုပေးလေသည်။ ထိုမိဖုရားသည် ဆွေမျိုးများနှင့်တိုင်ပင်ပြီးလျှင် သားတော်ဇန္တု အားထီးနန်းအရိုက်အရာကို ပေးအပ်ရန်တောင်းဆိုလေသည်။ ဩက္ကာကမင်းကြီးသည် အလွန်စိတ်မကောင်းဖြစ်၍ တခြားဆုကိုတောင်းရန်ပြောသော်လည်း ထိုမိဖုရားသည် အရှင်မင်းကြီး၊ မင်းတို့မည်သည် ပြောဆိုခဲ့သော ကတိစကားကို မဖျက်စကောင်းပါ၊ ပေးမည်ဆိုသည့်အတိုင်းပေးစေလိုပါသည်။ ဟူ၍ အခါအခွင့်သင့်တိုင်း တောင်းဆို၏။ ဩက္ကာကမင်းကြီးသည် စိတ်နှလုံးမသက်သာ ဝမ်းနည်းစွာဖြင့် သားတော် သမီးတော်တို့ကို ခေါ်ပြီး သားတော် သမီးတော်တို့၊ မောင်တို့ မယ်တို့၏ညီငယ် ဇန္တုမင်းသားငယ်ကို မြင်ရ၍၊ ခမည်းတော်သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ဇန္တု၏မယ်တော်အား အလိုရွိရာဆုတစ္ခု ခွင့်ပြုခဲ့မိသဖြင့်၊ ဇန္တုမယ်တော်မိဖုရားသည် သားတော်ဇန္တုအတွက် ထီးနန်းအရိုက်အရာကို တောင်းဆိုခဲ့သောကြောင်၊့ ခမည်းတော် ပေးရပေတော့မည်။ သားတော် သမီးတော်တို့သည် ခမည်းတော်၏ မင်္ဂလာဆင်တော် မြင်းတော်တို့ကို ခ်န္ထား၍ အလိုရွိသမွ် ဆင် မြင်း ရထားတို့ကိုယူဆောင်၍ ခမည်းတော်မကွယ်လွန်မီ ဤပြည်မှ လွတ်ရာ၌ သွားရောက်နေကြကုန်ဦး၊ ခမည်းတော်ကွယ်လွန်ပြီးသည့်နောက်မှ ဤပြည် ထီးနန်းကို သိမ်းပိုက်စိုးစံကြကုန်လော့။ ဟူ၍ မိန့်တော်မူပြီးလျှင် သားတော် သမီးတော်တို့ကို အမတ်ကြီး ရှစ်ယောက်တို့နှင့် အတူတကြ စေလွှတ်လိုက်လေသည်။

သားတော်သမီးတော်တို့လည်း ခမည်းတော်မင်းကြီးကို ကန်တော့ကြပြီးလျှင် စစ်အင်္ဂါလေးပါးခြံရံလျက် တိုင်းပြည်မှထွက်လေသည်။ သားတော်ကြီးများသည် ခမည်းတော်နတ်ရွာစံလျှင် ဧကန်ပင် ထီးနန်း စိုးအုပ်ကြလိမ့်မည်။ ဟု သိကြသောတိုင်းသူပြည်သားတို့သည် မင်းသားတို့ကို ခစားလုပ်ကျွေးရန် နောက်မှလိုက်ပါလာကြကုန်၏။ သို့ဖြစ်၍ စစ်သည်အင်အား လူအင်အားတို့သည် အလွန်များပြားလာလေသည်။

မင်းသားတို့သည် ငါတို့၏စစ်အင်အား လူအင်အားတို့သည် အလွန်များပြား၏။ ဤစစ်အင်အားဖြင့် အနီးအပါး တိုင်းပြည်တစ်ပြည်ကို တိုက်ခိုက်သိမ်းပိုက်လိုသော် ရလွယ်မည်ဖြစ်သော်လည်း သူတစ်ပါးတို့ အုပ်ချုပ်သောတိုင်းပြည်ကို ဒုက္ခမပေးလို၊ လွတ်လပ်သော တောအရပ် ကျယ်ဝန်းရာ တစ်နေရာ၌သာ တိုင်းပြည်ကို တည်ထောင်ကြမည်ဟု တိုင်ပင် ညီညွတ်ကြပြီး မြို့နန်းတည်ရန်နေရာကိုသာ ရှာကြကုန်၏။

ဥက္ကာမုခမင်း (ကပိလဝတ်ပြည် တည်ထောင်ကြခြင်း)

ထိုစဉ်အခါ ဂေါတမမြတ်စွာဘုရား အလောင်းတော် ကပိလရေသ့(ဤဘဒ္ဒကမ္ဘာ၏ မဟာသမ္မတမင်းတို့၏အစ မနုမင်း ဖြစ်ခဲ့သူ) သည် ဟိမဝန္တာတောင်နံပါး ကြီးမားသောကျွန်းသစ်တော၏အတွင်း သန့်ရှင်းကြည်လင်သောရေကန်၏ အနီး၌ သစ်ရွက်မိုးကျောင်း ဆောက်လုပ်ဖန်တီး၍ နေတော်မူဆဲဖြစ်လေသည်။

အလောင်းတော်ကပိလရှင်ရသေ့ သည် ဘူမိဇာလအတတ်(မြေကြန်အင်္ဂါကို သိသောအတတ်)ကို တတ်သိသူဖြစ်၏။ ထို ကပိလရေသ့၏ ကျောင်းနေရာ မြေတဝိုက်၌ ပေါက်ရောက်နေသော မြက်သစ်ပင် ခြုံနွယ်တို့အားလုံး လက်ယာရစ် လည်ကုန်လျက်၊ အနွယ်အညွန့်တို့သည် အရှေ့အရပ်သို့သာ လှည့်ကြကုန်၏။ ဤအရပ်သည် အားကြီးသော တိရစ္ဆာန်တို့က အားသေးသော တိရစ္ဆာန်တို့ကို အန္တာရာယ်မပြုနိုင်သော အောင်မြေအရပ်လည်းဖြစ်၏။

ဥက္ကာမုခ မင်းသားနှင့်အပေါင်းအပါတို့သည် မြို့တည်ရန်နေရာ ရှာဖွေကြစဉ်၊ အလောင်းတော်ရသေ့သူမြတ်နှင့်တွေ့၍ ရသေ့သူမြတ် ညွှန်ပြသော ကျောင်းသင်္ခမ်း အောင်မြေနေရာ၌ပင် နန်းတော်နှင့်တကွ မြို့တော်ကိုတည်ဆောက်ကြပြီး၊ မြို့တော်ကိုလည်း ကပိလရေသ့၏ ကျောင်းသင်္ခမ်းမြေနေရာဖြစ်၍ ကပိလဝတ္ထု(ကပိလဝတ်)ပြည် ဟု ကပိလရသေ့သူမြတ်ကပင် အမည်ပေးခဲ့လေသည်။

သကျသာကီဝင် ဟု ဖြစ်ပွားလာခြင်း

မင်းသားတို့ အသက်ကြီးမြင့်၍ အိမ်ထောင်ပြုသင့်သော အရွယ်သို့ရောက်သောအခါ၊ မှူးမတ်အပေါင်းတို့သည် မင်းသားမင်းသမီးတို့ကို အိမ်ထောင်ပြုပေးရန် တိုင်ပင်နှီးနှောကြကာ၊ မင်းသားတို့ကိုလည်း အိမ်ထောင်ပြုကြရန် တိုက်တွန်းကြကုန်၏။ မင်းသားတို့ကလည်း ဤအရပ်၌ ငါတို့နှင့်အမျိုးဇာတ်နွယ်တူသော မင်းသားမင်းသမီးများလည်း မရှိကြကုန်၊ အမျိုးဇာတ်နွယ် မတူသူချင်း ထိမ်းမြားပေါင်းဖက်ခြင်း ပြုလုပ်ခဲ့သော် ဖွားမြင်လာသော သားသမီးတို့သည် အမျိုးဇာတ်ပျက်ပြားခြင်း(ဇာတိ သမ္ဘေဒ) အဖြစ်သို့ရောက်ကုန်ကြမည်။ သို့ဖြစ်၍ မောင်နှမကိုးယောက်တို့တွင် အကြီးဆုံးအမကြီး ပိယာ ကို ခ်န္ထား၍ အမိအရာ၌ ထားပြီးလျှင်၊ မောင်တော်လေးယောက် နှမတော်လေးယောက် တို့သည် အမျိုးဇာတ်နွယ် မပျက်ပြားစေခြင်းငှာ အချင်းချင်း ထိမ်းမြား စုံဖက်ခြင်းကို ပြုလုပ်ကြကုန်၏။

သားတော်သမီးတော်တို့သည် အမျိုးဇာတ်နွယ် ပျက်ပြားမည်စိုး၍ အချင်းချင်း စုံဖက်နေထိုင်သဖြင့်၊ သားသမီးမ်ား ပွားစည်းလျက်ရှိကြောင်း ခမည်းတော် ဩက္ကာကမင်းကြီး ကြားသိသောအခါ မှူးမတ်ပရိသတ်အလယ်၌ -

သက်ာဝတ ဘော ကုမာရာ အို အချင်းတို့၊ ငါ၏ သားတော် သမီးတော်တို့သည် စွမ်းနိုင်ကြပေကုန်စွတကား။

ပရမာ သက်ာဝတ ဘော ကုမာရာ- အို အချင်းတို့၊ ငါ၏ သားတော် သမီးတော်တို့သည် လွန်ကဲ မြင့်မြတ်ကုန်သည်ဖြစ်၍ စွမ်းနိုင်ကြပေကုန်စွ တကား။ ဟူ၍ ဝမ်းမြောက်ဝမ်းသာ ချီးကျူးစကား ကျူးရင့်တော်မူ၏။ ခမည်းတော်ဘုရင်ကြီး ကျူးရင့်သော သက်- စွမ်းနိုင်ခြင်း ဟူသော အနက်အဓိပ္ပါယ်ဖြင့်ပင်၊ သက်- သာကိယ- သာကီနွယ်- သာကီမျိုး ဟူ၍ ဖြစ်လာရပေသည်။

ကောလိယပြည် တည်ထောင်ခြင်း

မောင်နှမကိုးယောက်၏ အမအကြီးဆုံးဖြစ်သော ပိယာမင်းသမီးကြီး၌ ကုဋ္ဌနူနာရောဂါ စြဲကပ္လာခဲ့၏။ မောင်တော်ညီမတော်တို့သည် အတူနေသဖြင့် ကူးစက်ပြန့်ပွားမည် စိုးရိမ်ကြသောကြောင့် အချင်းချင်းတိုင်ပင်ညီညွတ်ကာ အစ်မကြီးပိယာအား လှည်းဖြင့်တင်ဆောင်၍ တောအရပ် ခရီးကွာလှမ်းရာ တစ်နေရာ၌ လေးထောင့်ကျင်းကြီးတစ်ခုကို တူးကြပြီး လျောင်း ထိုင် ရပ် သြား ဣရိယာပုဒ် လေးပါး မျှတရုံ စီမံကြပြီး စားရေရိက္ခာ အပြည့်အစုံဖြင့် ပိယာမင်းသမီးအားထားကာ၊ သားရဲတိရစ္ဆာန် အန္တာရာယ်မှ ကာကွယ်ရန် ပျဉ်ချပ်တို့ဖြင့် ဖုံးပိတ်ထားခဲ့ကြကုန်၏။

ထိုစဉ်အခါ ရာမမည်သော ဗာရာဏသီမင်းတစ်ပါးသည်လည်း ကုဋ္ဌနူနာရောဂါ စွဲကပ်လာသည်ဖြစ်၍ သားတော်ကြီးအား ထီးနန်းလွှဲအပ်ပြီးလျှင်၊ တောအရပ်သို့မှီခိုလာပြီး သစ်သီးသစ်ဥတို့ကို စားသောက်ရင်းပင် နူနာရောဂါပျောက်ကင်းလျက်၊ ထိုအရပ်ရှိ ပင်စည်လုံးရပ် ကြီးမားဖွံ့ထွားသော ကလောပင်ကြီး၏ သစ်ခေါင်းတွင်းဝယ် နေထိုင်ဖွယ်ရာကောင်းအောင်စီမံပြီး နေထိုင်လေသည်။

ထိုရာမမင်းကြီးသည် မီးအိုးကင်းကြီးတစ်ခု၌ မီးကိုထည့်၍ ညဉ့်အခါ သမင် တောဝက်စသည်တို့၏ အော်သံကြားရာ အရပ်တို့ကို မွတ်သားကာ နံနက်သွားရောက်ကြည့် ရှု၍ တောကောင်ကြီးများ စားကြွင်းဖြစ်သော အသားတို့ကို ကောက်ယူချက်ပြုတ် စားသောက်လေ့ရှိ၏။

တစ်နေ့တွင် ရာမမင်း၏နေရာနှင့် မနီးမဝေးဖြစ်သော ပိယာမင်းသမီးနေထိုင်ရာ မြေအိမ်ကျင်းမှ လူနံ့ရသဖြင့် ကျားတစ်ကောင်သည် ကျင်းတိုက်အမိုးပျဉ်ချပ်ကို လက်သည်းတို့ဖြင့် ကုတ်ခြစ်ဖွင့်လှစ်လာသဖြင့် မင်းသမီးသည် အလွန်ကြောက်လန့်သည်ဖြစ်၍ ကျယ်လောင်စွာအော်သောအသံကို ရာမမင်းကြား၏။ နံနက်စောစော သွားရောက်ကြည့်ရာ ကျင်းတိုက်အတွင်းနေသော ပိယာမင်းသမီးကိုတွေ့လျှင် အကြောင်းစုံမေးမြန်းပြီး မင်းမျိုးချည်းဖြစ်ကြောင်းသိကြလျှင် ပိယာမင်းသမီးကိုခေါ်ဆောင်၍ မိမိ၏ကုဋ္ဌနူနာရောဂါပျောက်ဆေးဖြစ်သော ကလောသီးတို့ကိုကျွေးလေလျှင် မင်းသမီးလည်း မကြာမီပင် ကုဋ္ဌနူနာရောဂါ ပျောက်ကင်းသွားလေသည်။ ရာမမင်းနှင့် ပိယာမင်းသမီးတို့လည်း ခတ္တိယနွယ်ဝင် မင်းမျိုးချည်းပင်ဖြစ်၍ အညီအညြတ်သေဘာတူ အိမ်ထောင်ပြုကာ နေကြလေသော် သားအမြွှာချည်း တစ်ဆယ့်ခြောက်ကြိမ် မွေးဖွား၍ သားတော်ချည်းပင် သုံးဆယ့်နှစ်ယောက် ဖြစ်လေသည်။

ရာမမင်း၏သားတော်ကြီး ဗာရာဏသီမင်းသည် မုဆိုးတို့ထံမှ တဆင့် ခမည်းတော် ရာမမင်းကြီး နူနာရောဂါ ပျောက်ကင်းသွားပြီဖြစ်ကြောင်း ကြားသိရသဖြင့် လာရောက်ကာ ဗာရာဏသီထီးနန်းကို ပြန်လည်လက်ခံရန် တောင်းပန်သော်လည်း ရာမမင်းကြီးသည် ဗာရာဏသီနန်းတော်သို့ပြန် မလိုက်တော့ဘဲ မိမိတို့နေထိုင်ရာ ကလောပင်ကြီးကို ခုတ်ထွင်ရှင်းလင်း၍ နန်းမြို့အသစ် တည်ထောင်ပေးစေသည်။ သားတော်ဗာရာဏသီမင်းကြီးလည်း မြို့နန်းသစ် တည်ထောင်ပေးခဲ့ကာ ဗာရာဏသီ ထီးနန်းသို့ ပြန်လေသည်။

မြို့သစ်၏အမည်ကို ကလောပင်ကိုဖယ်ရှား၍ မြို့တည်သောကြောင့် ကောလိယမြို့၊ ကောလိယပြည်ဟူ၍ လည်းကောင်း၊ ကျားတို့သွားရာလမ်း၌ တည်ထားသောကြောင့် ဗျဂ္ဂပဇ္ဇမြို့ဟူ၍လည်းကောင်း အမည်နှစ်မျိုးတွင်လေသည်။

ရာမမင်းနှင့်ပိယာမိဖုရားတို့သည် ထိုကောလိယမြို့သစ်၌ စံနေခဲ့ကြရာ အရွယ်ရောက်ပြီးနေသော သားတော်တို့ကို သားတော်တို့၏ ဦးရီးတော်များဖြစ်ကြသော သာကီဝင်မင်းတို့သည် ကပိလဝတ်ပြည်၌ နေကြကုန်၏။ ထိုဦးရီးတော်တို့၏သမီးတော်တို့သည် ရုပ်ဆင်းအင်္ဂါလှပကြကုန်၏။ ထိုမင်းသမီးတို့ရေချိုးရန် ရေချိုးဆိပ်သို့ လာကြကုန်သောအခါ သားတော်တို့နှစ်သက်ရာ မင်းသမီးကို ဆောင်ယူကြကုန်။ ဟု မယ်တော်မိဖုရားကြီးက ညွှန်ပြသောကြောင့်၊ သားတော်တို့လည်း ကပိလဝတ်ပြည် မင်းသမီးတို့ ရေချိုးဆိပ်သို့ သွားရောက်ကြပြီး၊ မိမိတို့နှစ်သက်ရာ မင်းသမီးကို ဆွဲခေါ်ယူကြပြီး မိမိတို့၏ အမျိုးအနွယ်ကို ပြောဆိုကာ ကောလိယပြည်သို့ ဆောင်ယူကြကုန်၏။

ထိုအကြောင်းကို ကပိလဝတ် သာကီဝင်မင်းတို့ ကြားသိကြလေသော်၊ အမကြီး ပိယာမင်းသမီး၏ သားများဖြစ်ကြောင်း သိကြ၍ ကြည်ဖြူကျေနပ်ကာ ကပိလဝတ်နှင့်ကောလိယ သာကီဝင်မင်းမျိုး အချင်းချင်း ထိမ်းမြားမှုပြုခဲ့ကြ၏။(ဤသို့ သာကီဝင်မင်းမျိုး အချင်းချင်း ထိမ်းမြားမှုပြုခဲ့ကြရာ၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားတိုင်အောင်ပင် ဖြစ်ခဲ့လေသည်။)

ဒေဝဒဟပြည် ဖြစ်ပေါ်လာပုံ

ကပိလဝတ်ပြည်၌ နေကြကုန်သော သာကီဝင်မင်းသားတို့သည် နှလုံးမွေ့လျော်ဖွယ်ရာ သာယာတင့်တယ်သော ရေအိုင်ကြီးတစ်ခုသို့သွားရောက်၍ ရေကစားလေ့ရှိကြကုန်၏။ ထိုရေအိုင်သည် သာကီဝင်မင်းတို့ ရေကစားရာအိုင်ဖြစ်သောကြောင့် ဒေဝဒဟ ဟု အမည်တွင်၏။(ဒေဝ- သမ္မုတိနတ်ဖြစ်သော သာကီဝင်မင်းတို့၏၊ ဒဟ- ရေကစားရာ ရေအိုင်။) နောင်အခါတွင် ဤရေအိုင်၌ ရေကစားရန်လာကြကုန်သော သာကီဝင်မင်းတို့သည် တိုင်းပြည်သို့ မပြန်ကြဘဲ ထိုရေအိုင်၏အနီး တည်းခိုစံနေရာ မင်းတဲ တည်ဆောက်၍ နေထိုင်ခဲ့ကြရာမှ အစဉ်သဖြင့် စည်ကားကြီးကျယ်လာရာ မြို့ကြီးပြကြီးမှသည် တိုင်းပြည်တစ်ပြည်အဖြစ်သို့ ရောက်ရှိလာခဲ့ပေသည်။ ထိုတိုင်းပြည်သည် ဒေဝဒဟပြည် ဖြစ်လာ၏။

သာကီဝင်မင်းစဉ်ဆက် ၈၂၀၁၃ ယောက်

- ဥက္ကာမုခမင်း မွစ၍ အလောင်းတော် သိဒ္ဓတ္ထမင်း တိုင်အောင် သာကီဝင်မင်းပေါင်း ၈၂၀၁၃ ယောက်။

ကပိလဝတ်ပြည်၊ ကောလိယပြည်၊ ဒေဝဒဟပြည် ဤသာကီဝင် သုံးပြည်ထောင်တို့တွင် ကပိလဝတ်ပြည် တည်ထောင်သော ဥက္ကာမုခမင်း မွစ၍ သားတော် မြေးတော် စဉ်ဆက်အားဖြင့် ဇေယျသေနမင်း တိုင်အောင် သာကီဝင် မင်းဆက်ပေါင်း(၈၂၀၁၀)ပါး တိုင်ခဲ့သည်တွင် -

ဇေယျသေနမင်းကြီး(ကပိလဝတ်ပြည်)၌

(၁) သားတော်သီဟဟနု နှင့်

(၂) သမီးတော်ယသောဓရာ ဟူ၍ နှစ်ယောက်ရှိ၏။

ထိုခေတ်အခါ ဒေဝဒဟပြည်၌ စိုးစံလျက်ရှိသော ဥက္ကာသက္ကမင်းနှင့် ယသဝတီမိဖုရားကြီးတို့တွင်

(၁) သားတော်အဉ္စန နှင့်

(၂) သမီးတော်ကဉ္စနာ ဟူ၍ နှစ်ယောက်ရှိ၏။

- ထိုကပိလဝတ်ပြည်မှ သားတော် သမီးတော်နှင့် ဒေဝဒဟပြည်မှ သားတော် သမီးတော်တို့ကို လက်ထပ်ထိမ်းမြားကြစေရာ၊

ကပိလဝတ်မင်းသား သီဟဟနု နှင့် ဒေဝဒဟမင်းသမီး ကဉ္စနာ တို့မှ

(၁) သုဒ္ဓေါဒန၊

(၂) အမိတောဒန၊

(၃) ဓောတောဒန၊

(၄) သက္ကောဒန၊

(၅) သုက္ကောဒန ဟု သားတော်ငါးယောက်၊

(၆) အမိတ္တာ၊

(၇) ပါလိတာ ဟူ၍ သမီးတော်နှစ်ယောက် ဖွားမြင်၏။

ဒေဝဒဟမင်းသား အဉ္စန နှင့် ကပိလဝတ်မင်းသမီး ယေသာဓရာ တို့မှ

(၁) သုပ္ပဗုဒ္ဓ၊

(၂) ဒဏ္ဍပါဏိ ဟု သားတော်နှစ်ယောက်၊

(၃) သိရီမဟာမာယာဒေဝီ၊

(၄) ပဇာပတိဂေါတမီ ဟူ၍ သမီးတော်နှစ်ယောက် ဖွားမြင်၏။

္ဌ ထိုတွင် သီဟဟနုမင်း၏သားတော်သုဒ္ဓေါဒန နှင့် အဉ္စနမင်း၏ သမီးတော် သိရီမဟာမာယာဒေဝီ၊ ပဇာပတိဂေါတမီ ညီအမနှစ်ယောက်တို့ စုံဖက်ကြရာ ၊

သိရီမဟာမာယာဒေဝီမင်းသမီး မွ

(၁) အလောင်းတော် သိဒ္ဓတ္ထမင်းသား၊

ပဇာပတိဂေါတမီမင်းသမီး မွ

(၁) သမီးတော်ရူပနန္ဒာမင်းသမီး(ဇနပဒကလ်ာဏီ) နှင့်

(၂) သားတော်နန္ဒမင်းသား တို့ကိုဖွားမြင်၏။

္ဌ အဉ္စနမင်း၏သားတော်သုပ္ပဗုဒ္ဓ နှင့် သီဟဟနုမင်း၏သမီးတော် အမိတ္တာ၊ ပါလိတာ ညီအမနှစ်ယောက်တို့ စုံဖက်ကြရာ ၊

(၁) သားတော်ဒေဝဒတ် နှင့်

(၂) သမီးတော်ဘဒ္ဒကဉ္စနာမင်းသမီး(ယေသာဓရာ) တို့ကိုဖွားမြင်၏။

အလောင်းတော် သိဒ္ဓတ္ထမင်းသား နှင့် ဘဒ္ဒကဉ္စနာမင်းသမီး(ယေသာဓရာ) တို့ စုံဖက်ကြရာမှ သားတော် ရာဟုလာမင်းသား ကို ဖွားမြင်၏။

ဤတွင် ကပ်ဦးအစ မဟာသမ္မတမင်း(အလောင်းတော် မနုမင်း) မွ ဩက္ကာကမင်းတိုင်အောင် မင်းပေါင်း ၂၅၂၅၅၆ ယောက်၊ အလောင်းတော် ကပိလရသေ့ကြီး၏ညွှန်ကြားချက်ဖြင့် ကပိလဝတ်ပြည် ကို တည်ထောင်သော ဥက္ကာမုခမင်း မွစ၍ အလောင်းတော် သိဒ္ဓတ္ထမင်း တိုင်အောင် သာကီဝင်မင်း ၈၂၀၁၃ ယောက် တိုင်ခဲ့လေပြီတည်း။ ။ (မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း တို့မှထုတ်နှုတ်ဖော်ပြထားပါသည်။) ကုလေဩလာကန- အလောင်းတော် သေတကေတုနတ်သား၏ အမျိုးကို ကြည့်ရှုခြင်း။

-------------------------------------------------------------------------

(ဓမ္မဗျူဟာစာစောင်၊ အတြဲ ၄၈၊အမှတ် ၁၊ ၂၀ဝ၉ ခုနှစ်၊ ဇူလိုင်လ ပါ- သာကီမျိုးအကြောင်း သိကောင်းစရာ(အာနန္ဒ-တွံတေး)၊ မွ

ပြန်လည်ကူးယူ ဖော်ပြပါသည်။)


___________________________________________________


ဗုဒ္ဓမြတ်စွာသည်ကုလားမဟုတ်


မြတ်စွာဘုရား က ကုလားဆိုတာ ဟုတ်သလား ?


အစ္စလာမ်ဘာသာ၀င် မွတ်စလင်များမေးလေ့ရှိသော မေးခွန်းတစ်ခုကို

ပြန်လည်ဖြေရှင်းပြထားခြင်း ဖြစ်ပါတယ်။

.


(မေးခွန်း)


မင်းတို့ဘုရားက ကုလားကြီး၊

ကုလားကို ကိုးကွယ်ပြီး ကုလားတွေကို ပြန်စော်ကားနေကြတာပဲ။

ဒါကြောင့် မင်းတို့ဘုရားကို ကုလားပြည် ပြန်ပို့ဖို့ပဲ ရှိတယ်။

မင်းတို့ဘုရားက ကုလားမဟုတ္လို့ ဘာလဲ ?

.


(ဖြေဆိုချက်)


ကျွန်တော်တို့ဗုဒ္ဓဘာသာ၀င်တွေရဲ့ အထွဋ်အမြတ်ကိုးကွယ်ရာ

ဂေါတမမြတ်စွာဘုရားကို ကုလားတစ်ယောက်ဖြစ်ပါတယ်လို့

ပြောနေတဲ့အကြောင်းပါ။


ဗုဒ္ဓဟာ ကုလားပြည်သား ဖြစ်တယ်ဆိုတာနဲ့ ပက်သက်ပြီး ပြောချင်ပါတယ်။


ဘုရားဟောကျမ်း မ်ားအရေရာ၊ ကမ ္ဘာ့အဖွဲ့အစည်းအသီးသီးက လက်ခံ၊

အတည်ပြုထားကြတဲ့ သမိုင်းအထောက်အထား များအရရောဆိုရင်

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ခရစ်တော်မပေါ်မီ ဘီစီ ၅၆၃ ခုနှစ်မှာ

ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးရဲ့ မိဖုရားခေါင်ကြီး သီရိမဟာမာယာဒေဝီက

ကပိလ၀တ်ပြည်နဲ့ ဒေ၀ဒဟပြည်အကြား လုမ္ဗိနီအင်ကြင်းဥယျာဉ် (ယခု နီပေါနိုင်ငံ)

မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။


အဲဒီအချိန် အိန္ဒိယနိုင်ငံမှာ ကပိလ၀တ်ပြည်၊ ဒေ၀ဒဟပြည်၊ ရာဇဂြိုဟ်ပြည်၊

ဝေသာလီပြည်အစရှိတဲ့ မြို့ပြနိုင်ငံငယ်လေး မ်ားကို ထွန်းကားနေတဲ့အချိန်ဖြစ်ပါတယ်။

ကပိလ၀တ်ပြည်ကို အုပ်ချုပ်တဲ့ မင်းမျိုးမင်းနွယ်တွေဟာ သကျသာကီ၀င်

လူမျိုးတွေဖြစ်ပါတယ်။


ကပိလ၀တ်ပြည်ဟာ ယခုအိန္ဒိယနိုင်ငံမှာ ပါတယ်ဆိုတိုင်း ကပိလ၀တ်ဘုရင်ကလည်း

အိန္ဒိယအမျိုးသားကြီး (သို့မဟုတ်) ကုလားကြီးဆိုရင် မှားပါလိမ့်မယ်။

သကျသာကီ၀င်အမျိုးဆိုတာဟာ ယခုခေတ်အိန္ဒိယနိုင်ငံရှိ အမျိုးအားလုံးနဲ့

မရောယှက်ပဲ ထိုခေတ်ထိုအခါကတည်းက သီးသန့် တစ်သွေးတစ်သားကို

အလေးထားထိန်းသိမ်းခဲ့ကြသော မြင့်မြတ်တဲ့အမျိုးအနွယ်တွေဖြစ်ပါတယ်။


ဘယ်လောက်ထိတောင် ထိန်းသိမ်းသလဲဆိုရင် သကျသာကီ၀င် မင်းမျိုးတွေဟာ

တခြားအမျိုးအနွယ်တွေနဲ့ သွေးနှောမှာစိုးလို့ ကိုယ့်မောင်နှမ၀မ်းကွဲကိုသာ

ပြန်ယူတဲ့အထိကို အမျိုးအနွယ်ကိုချစ်မြတ်နိုးစောင့်ရှောက် သန့်စင်စေသူများဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ဗုဒ္ဓရှင်တော် ပွင့်တော်မူတဲ့ကာလက အိန္ဒိယပြည်မှာ

ဇာတ်ခွဲခြားမှုစနစ်ရှိပါတယ်။


ခတ္တိယ၊ ဗြဟ္မဏ၊ ဝေဿ၊ သုဒ္ဓ ဆိုတဲ့ အမျိုးဇာတ် လေးပါးထဲမှာ ဗုဒ္ဓရှင်တော်ဟာ

တိုင်းသူပြည်သားအပေါင်းတို့ ရိုသေလေးမြတ်ရာ ထိပ်ဆုံးက

ခတ္တိယအမျိုးထဲမှာပါပါတယ်။

ဒီအမျိုးဇာတ်လေးပါးထဲမှာ နောက်ဆုံးအမျိုးဖြစ်တဲ့ သုဒ္ဓဆိုတဲ့အမျိုးဟာ

ဗုဒ္ဓရှင်တော်လက်ထက်တော်အခါက အနိမ့်ဆုံးဇာတ်နိမ့်အမျိုးတွေဖြစ်ကြပါတယ်။


လက်ရှိအိန္ဒိယနိုင်ငံမှာ အများစုနေထိုင်ကြတဲ့ အိန္ဒိယ တိုင်းရင်းသားများ

( Original ethnics) ဖြစ်ပါတယ်။

သူတို့ကိုမြန်မာတွေက ကုလားလို့လွယ်လင့်တကူခေါ်ကြတာဖြစ်ပါတယ်။

(ဒါပေမယ့် ယခုအချိန်မှာတော့ ပွင့်လင်းလေးစားလာသော လူ့အဖွဲ့အစည်းများက

အမျိုးဇာတ်ခွဲခြားမှုကို ကန့်ကွက်ကြလို့ တိုင်းရင်းသားအချင်းချင်းအတူတူဖြစ်ပါတယ်။

ဟိုခေတ်အခါကတော့ အမျိုးဇာတ်ချင်း ခွဲခြားထားတာဖြစ်ပါတယ်။)


နောက်တစ်နည်းနဲ့တွက်ချက်မယ်ဆိုရင် ယခုခေတ်သမိုင်းသုတေသီများနဲ့

မနုဿာဗေဒပညာရှင်များ အလိုအရ ဗုဒ္ဓဘုရားရှင်ပွင့်ပေါ်တော်မူစဉ်က

ထိုနယ်ထိုဒေသမှာနေကြတဲ့ လူမျိုးနွယ်တွေအားလုံးဟာ မွန်ဂိုမျိုးရင်းမှ

ဆင်းသက်လာကြတဲ့ Mongoloid အနွယ်၀င်တွေဖြစ်ပါတယ်။


ယခုခေတ် လူမျိုးနွယ်ခွဲခြားမှုအရဆိုရင်


လူဖြူမျိုး ( Caucasians)၊


လူဝါမျိုး ( Mongoloids)


လူမည်းမျိုး ( Negroids)


ထဲမွာမွ လူဝါမျိုး (Mongoloid) ထဲမှာပါ၀င်တဲ့ အမျိုးအနွယ်ဖြစ်ပါတယ်။


ဗုဒ္ဓရှင်တော်လက်ထက် ဇာတ်မြင့်လူတန်းစားသုံးမျိုးဖြစ်တဲ့


မင်းမျိုး (ခတ္တိယ)၊


ပုဏ္ဏားမျိုး (ဗြဟ္မဏ)၊


ကုန်သည်မျိုး (ဝေဿ)


ဆိုတဲ့အမျိုးတွေက ဥရောပတိုက် အရှေ့ပိုင်းက ပြောင်းရွှေ့လာကြတဲ့

Caucasians မျိုးတွေဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားဟာ လူဝါမျိုး (Mongoloid) သော်လည်းကောင်း၊

လူဖြူမျိုး ( Caucasians) သော်လည်းကောင်း၊

အဆိုပါအရင်းအမြစ်တစ်ခုခု က ပွင့်ထွန်းပေါ်ပေါက်တော်မူလာတာဖြစ်ပါတယ်။


ဘာသာရေးကို ထဲထဲ၀င်၀င်နားလည်ခြင်းမရှိပဲ အပေါ်ယံလေ့လာသူများပြောသလို

ကုလားပြည်က ကုလားဘုရင်ကြီးနဲ့ ကုလားမိဖုရားကြီး ထိမ်းမြားကြလို့

ထြက္လာတဲ့ ကုလားလူမျိုး၊ ကုလားမင်းသားလေးမဟုတ်ပါ။


အလွန်အင်မတန် အထက်တန်းကျ၊ အမျိုးဂုဏ်မာန် မြင့်မြတ်တော်မူတဲ့

လူဝါမျိုးနှင့် လူဖြူမျိုးအရင်းအမြစ်ခံ သကျသာကီ၀င်ခတ္တိယမင်းမျိုးမင်းနွယ်မှ

ဆင်းသက်လာသော သာကီ၀င်မင်းသွေးစစ်စစ်ဖြစ်ပါတယ်။


ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများကလည်း ဗုဒ္ဓရှင်တော်ကို


ဘုရင့်သားတော်ဖြစ်လို့၊


မြင့်မြတ်လို့၊


တန်ခိုးအာဏာကြီးမားခဲ့လို့၊


စျာန်အဘိညာဉ်နဲ့ပြည့်စုံလို့


ကယ်မခြင်းခံရအောင်၊ ကောင်းချီးပေးခြင်းခံရအောင်

ကိုးကွယ်ဆည်းကပ်တာမဟုတ်ပဲ


ကျွန်တော်တို့ကို ဘယ်ဟာကောင်းသလဲ၊

ဘယ်ဟာမကောင်းဘူးလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင်

လမ်းညွှန်ပြသဆုံးမပေးတဲ့ ဆရာတစ်ယောက်အဖြစ်၊

လူနတ်ဗြဟ္မာ လောကီစည်းစိမ်ချမ်းသာတို့အားလုံးထက် သာလွန်မြင့်မြတ်တဲ့

နိဗ္ဗာန်တည်းဟူသော အမတသုခကို ပို့ဆောင်ပေးတော်မူတဲ့ ကျေးဇူးရှင်တစ်ပါးအဖြစ်

ရိုရိုသေသေ၊ ယုံယုံကြည်ကြည်၊ ချစ်မြတ်နိုးစွာနဲ့ ကိုးကွယ်ဆည်းကပ်ကြတာဖြစ်ပါတယ်။

ကြောက်လို့လည်းမဟုတ်၊ မိဘကိုးကွယ်လို့ လိုက်ကိုးကွယ်တာလည်းမမည်သလို

အားနာခြင်းလည်းမပါပါ။ အစ္စလာမ် ဘာသာ၀င်တွေလို ကြောက်လို့

ကိုးကွယ်နေကြတာ တစ်ယောက်မှ မပါဘူး။


ဗုဒ္ဓဓမ္မရာဇာ


Credit - original uploader.

 
 
 

Recent Posts

See All
ရခိုင်တွင် စစ်ပွဲပြန်ဖြစ်နိုင်၍ ကျောင်းများဆက်လက်ပိတ်ထားနိုင်ဖွယ်ရှိ

ရခိုင်ပြည်မှာ... ၉ လကျော် စစ်ပွဲရပ်နားခဲ့ရာ ယခုတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်ဖွယ်ရှိသဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့...

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

Ann,Rakine state,Myanmar

bottom of page